ဝိညာဉ်တော်/အားဖြင့် အသက်ရှင်ခြင်း
8
ထို့ကြောင့် ယခုအခါ ယေရှု/ခရစ်တော်/နှင့် တပေါင်းတစည်းတည်း/ဖြစ်သော/သူတို့/သည် အပြစ်စီရင်ခြင်း မခံရ။ 2 အဘယ်ကြောင့်ဆိုသော် အသက်/ပေးပိုင်တော်မူသော ဝိညာဉ်တော်/၏ တရား/သည် ယေရှု/ခရစ်တော်/အားဖြင့် သင့်/ကိုa အပြစ်တရား/နှင့် သေခြင်းတရား/၏ လက်/မှ လွတ်မြောက်စေ/သောကြောင့် ဖြစ်၏။ 3 လူ့/ဗီဇစိတ်b/၏ အားနည်းမှု/ကြောင့် မောရှေ/၏ ပညတ်တရား/သည် ကျွန်ုပ်တို့/ကို မကယ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင်/သည် မိမိ/သားတော်/ကို လူ့/ဗီဇစိတ်/ရှိသည့် လူ့/ကိုယ်ခန္ဓာ/ထဲသို့ စေလွှတ်တော်မူခြင်း/အားဖြင့် ပညတ်တရား/မတတ်နိုင်သော/အမှု/ကို ဖြေရှင်းပေးတော်မူ၏။ ဘုရားသခင်/သည် သားတော်/ကို ယဇ်/အဖြစ် ပူဇော်ခြင်း/အားဖြင့် လူ့/ဗီဇစိတ်/အတွင်း သက်ဝင်လှုပ်ရှားနေသော အပြစ်တရား/ကို အဆုံးသတ်တော်မူ၏။ 4 ထိုသို့/ပြုတော်မူခဲ့ခြင်း/မှာ လူ့/ဗီဇစိတ်/အလို/အတိုင်း ပြုမူ/မနေထိုင်တော့ဘဲ ဝိညာဉ်တော်/၏ အလို/အတိုင်း အသက်ရှင်သော ကျွန်ုပ်တို့/သည် ပညတ်တရား/၏ ပြဋ္ဌာန်းချက်တို့/ကို အပြည့်အဝ/ဖြည့်ဆည်း/နိုင်ရန် ဖြစ်၏။5 လူ့/ဗီဇစိတ် အလို/အတိုင်း အသက်ရှင်သော/သူတို့/သည် လူ့/ဗီဇစိတ်/နှင့်ဆိုင်သော အရာတို့/ကို စွဲလမ်းကြ၏။ ဝိညာဉ်တော်/၏ အလို/အတိုင်း အသက်ရှင်သောသူတို့/မှာ ဝိညာဉ်တော်/နှင့်/ဆိုင်သော အရာတို့/ကို စွဲလမ်းကြ၏။ 6 လူ့/ဗီဇစိတ်/နှင့်/ဆိုင်သော အရာတို့/ကို စွဲလမ်းသောသူ/သည် အသက်/ဆုံးရ/လိမ့်မည်။ ဝိညာဉ်တော်/နှင့်ဆိုင်သော အရာတို့/ကို စွဲလမ်းသောသူ/သည် အသက်ရှင်/၍ ငြိမ်းချမ်းမှု/ကို ရ/လိမ့်မည်။ 7 လူ့/ဗီဇစိတ်/နှင့်ဆိုင်သော အရာတို့/ကို စွဲလမ်းသောသူ/သည် ဘုရားသခင်/ကို အစဉ် ဆန့်ကျင်၏။ ထိုသို့ စွဲလမ်းသောသူ/သည် ဘုရားသခင်/၏ ပညတ်တရား/ကို မလိုက်နာ။ လိုက်နာ/နိုင်စွမ်း/လည်း မရှိ။ 8 လူ့/ဗီဇစိတ်/အတိုင်း အသက်ရှင်သော/သူတို့/သည် ဘုရားသခင်/ကို မနှစ်သက်/စေနိုင်ကြ။
9 သို့သော် ဘုရားသခင်/၏ ဝိညာဉ်တော်/သည် သင်တို့/အထဲ/၌ ကိန်းဝပ်တော်မူ/လျှင် သင်တို့/သည် လူ့/ဗီဇစိတ်/၏ အလို/အတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်/၏ အလို/အတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်/၏ ဝိညာဉ်တော်/ကို မရသောသူ/သည် ခရစ်တော်/နှင့် မသက်ဆိုင်။ 10 ခရစ်တော်/သည် သင်တို့/အထဲ/၌ ရှိတော်မူ/လျှင် သင်တို့/၏ ကိုယ်ခန္ဓာ/သည် အပြစ်/ကြောင့် သေရ/သော်လည်း သင်တို့/၏ ဝိညာဉ်/မှာမူ ဖြောင့်မတ်သည်/ဟု သတ်မှတ်/ခံရ/သဖြင့် အသက်ရှင်/ရ၏။ အကြောင်းမှာ သင်တို့/သည် ဖြောင့်မတ်သည်/ဟု သတ်မှတ်ခံရ/သောကြောင့် ဖြစ်၏။ 11 ယေရှု/ကို သေခြင်း/မှ ရှင်ပြန်/ထမြောက်စေတော်မူသော ဘုရားသခင်/၏ ဝိညာဉ်တော်/သည် သင်တို့/အထဲ/၌ ကိန်းဝပ်တော်မူ/လျှင် ခရစ်တော်/ကို သေခြင်း/မှ/ထမြောက်စေတော်မူသော ဘုရားသခင်/သည် သင်တို့/အထဲ/၌ ကိန်းဝပ်တော်မူသော ထို/ဝိညာဉ်တော်/အားဖြင့် သင်တို့/၏ သေတတ်သော/ကိုယ်ခန္ဓာ/ကိုပင် ရှင်စေတော်မူ/လိမ့်မည်။
12 သို့ဖြစ်၍ ညီအစ်ကို/မောင်နှမတို့… ကျွန်ုပ်တို့/သည် လူ့/ဗီဇစိတ်/၏ အလို/အတိုင်း အသက်ရှင်/ရန် တာဝန်/ရှိသည်/မဟုတ်။ 13 သင်တို့/သည် လူ့/ဗီဇစိတ်/၏ အလို/အတိုင်း အသက်ရှင်/လျှင် သေကြရ/လိမ့်မည်။ သို့သော် လူ့/ဗီဇစိတ်/၏ အကျင့်တို့/ကိုc ဝိညာဉ်တော်/အားဖြင့် အဆုံးသတ်/လျှင်/မူ အသက်ရှင်ကြ/လိမ့်မည်။ 14 ဘုရားသခင်/၏ ဝိညာဉ်တော် ဦးဆောင်/လမ်းပြမှု/ကို ခံယူသောသူတို့/သည် ဘုရားသခင်/၏ သားသမီးများd ဖြစ်ကြ၏။
15 အဘယ်ကြောင့်ဆိုသော် သင်တို့/သည် ကြောက်ရွံ့တတ်သော ကျွန်/၏/သဘော/ကို ပြန်/၍ ရရှိကြသည် မဟုတ်။ သားသမီး/ဖြစ်ခွင့် ပေးသော ဘုရားသခင်/၏ ဝိညာဉ်တော်/ကို ရရှိကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့/သည် ဘုရားသခင်/အား “အဗ္ဗ၊ အဖ” ဟု ခေါ်ကြ၏။ 16 ကျွန်ုပ်တို့/သည် ဘုရားသခင်/၏ သားသမီးများ/ဖြစ်ကြောင်း ထို/ဝိညာဉ်တော် ကိုယ်တိုင်/ပင် ကျွန်ုပ်တို့/၏ စိတ်ဝိညာဉ်/နှင့်အတူ သက်သေခံတော်မူ၏။ 17 ကျွန်ုပ်တို့/သည် ဘုရားသခင်/၏ သားသမီးများ ဖြစ်/သောကြောင့် အမွေခံများ/လည်း ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့/သည် ခရစ်တော်/နှင့်အတူ အမွေခံများ ဖြစ်ကြ၏။ ကိုယ်တော်/နှင့်အတူ ဆင်းရဲဒုက္ခ/ကို ခံရ/လျှင် ကိုယ်တော်/နှင့်အတူ ဘုရားသခင်/၏ ဘုန်းအသရေ/ကိုလည်း ခံစားကြ/ရမည် ဖြစ်၏။
နောင်တွင်/ပေါ်ထွန်းမည့်/ဘုန်းအသရေ
18 လက်ရှိ/အချိန်ကာလ/၌ ကျွန်ုပ်တို့/ခံရသော/ဒုက္ခ/သည် နောင်/တွင် ထင်ရှားမည့် ဘုန်းအသရေ/နှင့် ယှဉ်/လျှင် မပြောပလောက်ကြောင်း ကျွန်ုပ်/မှတ်ယူ၏။ 19 ဘုရားသခင်/၏ သားသမီးများ/မှာ မည်သူတို့/ဖြစ်ကြောင်း ဖော်ပြတော်မူမည့်/နေ့ရက်/ကို ဖန်ဆင်းခံ/လောက/သည် အလွန်/တောင့်တ/မျှော်လင့်/လျက် ရှိ၏။ 20 ဘုရားသခင်/သည် ဖန်ဆင်းခံ/လောက/ကို အကျိုးမဲ့သော/အဖြစ်သို့ ရောက်/ရန် စီရင်တော်မူ၏။ ထိုသို့ ဖြစ်ခြင်း/မှာ ဖန်ဆင်းခံ/လောက/၏ ဆန္ဒ/အရ မဟုတ်။ ဘုရားသခင် စီရင်တော်မူခြင်း/အားဖြင့်/သာ ဖြစ်၏။ 21 သို့သော် ဖန်ဆင်းခံ/လောက/သည် သေခြင်း/နှင့် ပုပ်သိုး/ဆွေးမြည့်ခြင်း/၏/အနှောင်အဖွဲ့/မှ ကင်းလွတ်/၍ ဘုရားသခင်/၏ သားသမီးများ/နှင့်အတူ ဘုန်းအသရေ/နှင့် ပြည့်သော လွတ်လပ်ခွင့် ခံစားရမည့်/နေ့ရက်/ကို မျှော်လင့်/လျက် နေ၏။ 22 ဖန်ဆင်းခံ/လောက/တစ်ခုလုံး/သည် သားဖွားခြင်း/ဝေဒနာ/ကဲ့သို့သော ဝေဒနာ/ဖြင့် ယခု/တိုင်အောင် ညည်းတွား/နေသည်/ကို ကျွန်ုပ်တို့/သိကြ၏။ 23 ဖန်ဆင်းခံ/လောက/သာ ညည်းတွား/နေသည်/မဟုတ်။ ဘုရားသခင်/၏ အဦးဆုံး/ဆုကျေးဇူး/ဖြစ်သည့် ဝိညာဉ်တော်/ကို ရရှိသော ကျွန်ုပ်တို့/သည်လည်း ခန္ဓာ/ရွေးနုတ်ခြင်း/ဟူသော သားသမီး/ဖြစ်ခွင့်/ကို စောင့်မျှော်/၍ ညည်းတွား/နေကြ၏။ 24 ကျွန်ုပ်တို့/သည် မျှော်လင့်ခြင်း/အားဖြင့် ကယ်တင်တော်မူခြင်း/ကို ခံရကြ၏။ သို့သော်လည်း မြင်တွေ့/နေရသော မျှော်လင့်ခြင်း/သည် မျှော်လင့်ခြင်း/မဟုတ်။ မြင်တွေ့/နေရသော/အရာ/ကို မည်သူ/မျှော်လင့်e/မည်နည်း။ 25 သို့သော် ကျွန်ုပ်တို့/မတွေ့မြင်ရသေးသော/အရာ/ကို မျှော်လင့်ကြ/လျှင်မူ ထို/အရာ/ကို သည်းခံသော/စိတ်/နှင့် စောင့်မျှော်ကြ၏။
26 ထို/ကဲ့သို့/ပင် သန့်ရှင်းသော/ဝိညာဉ်တော်/သည် ကျွန်ုပ်တို့/အားနည်းသော/အရာ/၌ ကူညီ/မစတော်မူ၏။ ဥပမာ ဘုရားသခင်/သည် ကျွန်ုပ်တို့/အား မည်သည့်/ဆု/ကို တောင်းစေလိုသည်/ကို ကျွန်ုပ်တို့/မသိ။ ထိုအခါ သန့်ရှင်းသော/ဝိညာဉ်တော်/သည် ဖော်ပြ/၍ မရနိုင်အောင် နက်နဲသည့် ညည်းတွားသော/စကားတို့/ဖြင့် ကျွန်ုပ်တို့/အတွက် ကိုယ်စားပြု/ဆုတောင်းပေးတော်မူ၏။ 27 စိတ်နှလုံး/ကို ဆန်းစစ်တော်မူသော ဘုရားသခင်/သည် ဝိညာဉ်တော် တောင်းလျှောက်နေသော/အရာf/ကို သိမြင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်/သည် ယုံကြည်သူများg/ဖြစ်သည့် ကျွန်ုပ်တို့/အတွက် ဘုရားသခင်/၏ အလိုတော်/အတိုင်း ကိုယ်စားပြု/ဆုတောင်းတော်မူ/သောကြောင့် ဖြစ်၏။ 28 ဘုရားသခင်/ကို ချစ်/၍ အကြံအစည်တော်/နှင့်အညီ ရွေးကောက်ခြင်း/ခံရသော/သူတို့ တွေ့ကြုံ/ခံစားရသော အမှုခပ်သိမ်းတို့/မှ ကောင်းကျိုး/ထွက်ပေါ်/စေရန် ဘုရားသခင်/သည် သူတို့/နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့/သိကြ၏။ 29 ဘုရားသခင်/သည် မိမိ/လူတို့/ကို ကြိုတင်/သိတော်မူ/၍ ထို/သူတို့/ကို မိမိ/သားတော်/ကဲ့သို့ ဖြစ်လာ/စေရန် ရွေးချယ်တော်မူ၏။ ဤသို့/ပြုတော်မူသည်/မှာ ညီအစ်ကို/မောင်နှမh/များစွာ/ထဲတွင် ခရစ်တော်/ကို သားဦး/ဖြစ်/စေရန်/ပင် ဖြစ်၏။ 30 ထိုသို့ ဘုရားသခင်/သည် မိမိ/ရွေးကောက်ထားသော/သူတို့/ကို ခေါ်တော်မူ၏။ ခေါ်တော်မူ/ပြီးနောက် ဖြောင့်မတ်သည်/ဟု သတ်မှတ်တော်မူ၏။ ဖြောင့်မတ်သည်/ဟု သတ်မှတ်တော်မူ/ပြီးနောက် ဘုန်းအသရေ/ကို ပေးတော်မူ၏။
ဘုရားသခင်/၏/ချစ်ခြင်းမေတ္တာ/နှင့် ကျွန်ုပ်တို့/ကို မည်သည့်/အရာ/ကမျှ မကွဲကွာစေနိုင်ခြင်း
31 သို့ဖြစ်လျှင် ဤသို့သော အံ့ဖွယ်/အကြောင်းအရာများ/ကို ထောက်/၍ မည်သို့/ဆိုရမည်နည်း။ ဘုရားသခင်/သည် ကျွန်ုပ်တို့/ဘက်/၌ ရှိတော်မူ/လျှင် မည်သူ/သည် ကျွန်ုပ်တို့/ကို ဆန့်ကျင်/နိုင်မည်နည်း။ 32 ကျွန်ုပ်တို့/အားလုံး/အတွက် မိမိ/သားတော်/ရင်း/ကိုပင် မနှမြောဘဲ စွန့်တော်မူသော ဘုရားသခင်/သည် ထို/သားတော်/နှင့်တကွ ရှိသမျှ/အရာခပ်သိမ်း/ကိုလည်း ကျွန်ုပ်တို့/အား မပေးဘဲ နေတော်မူမည်လော။ 33 ဘုရားသခင် ရွေးချယ်တော်မူသော/သူတို့/ကို မည်သူ/အပြစ်တင်/ဝံ့သနည်း။ ဖြောင့်မတ်သည်/ဟု သတ်မှတ်တော်မူသော/အရှင်/မှာ ဘုရားသခင်/ပင်/ဖြစ်တော်မူ၏။ 34 သို့ဖြစ်၍ မည်သူ/သည် ကျွန်ုပ်တို့/ကို အပြစ်/စီရင်မည်နည်း။ ယေရှု/ခရစ်တော်/သည် ကျွန်ုပ်တို့/အတွက် အသေခံတော်မူသည်/သာမက ရှင်ပြန်/ထမြောက်တော်မူ/၍ ဘုရားသခင်/၏ လက်ယာတော်/ဘက်/၌ ထိုင်/လျက် ကျွန်ုပ်တို့/အတွက် ကြားဝင်/အသနားခံတော်မူ၏။
35 မည်သည့်/အရာ/က ကျွန်ုပ်တို့/ကို ခရစ်တော်/၏ ချစ်ခြင်းမေတ္တာ/နှင့် ကွဲကွာ/စေမည်နည်း။ ဆင်းရဲဒုက္ခ၊ ဘေးဆိုး၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အစာခေါင်းပါးခြင်း၊ မွဲတေခြင်း၊ ဘေးအန္တရာယ်/နှင့် ဓားဘေးတို့/က ကွဲကွာ/စေမည်လော။ 36 ကျမ်းစာ/၌ “ကျွန်ုပ်တို့/သည် အရှင့်/အတွက် တစ်နေ့လုံး/သေဘေး/နှင့် ရင်ဆိုင်ကြရ၏။ သူတစ်ပါးတို့/သည် အကျွန်ုပ်တို့/ကို သတ်/ရန် လျာထားသည့် သိုးများ/ကဲ့သို့ သတ်မှတ်ကြ၏”i ဟု ဖော်ပြထား၏။ 37 မကွဲကွာစေသည်/သာမက ထို/အခက်အခဲများ/ကြားမှ/ပင် ကျွန်ုပ်တို့/ကို ချစ်တော်မူသော/ခရစ်တော်/အားဖြင့် ကျွန်ုပ်တို့/သည် အထူး/အောင်မြင်ကြ၏။
38-39 သေခြင်း/ဖြစ်စေ၊ ရှင်ခြင်း/ဖြစ်စေ၊ ကောင်းကင်တမန်/ဖြစ်စေ၊ နတ်မင်းj/ဖြစ်စေ၊ လက်ရှိအရာ/ဖြစ်စေ၊ နောင်/အရာ/ဖြစ်စေ၊ တန်ခိုးအာဏာများ/ဖြစ်စေ၊ အထက်/အရာ/ဖြစ်စေ၊ အောက်/အရာ/ဖြစ်စေ မည်သည့်/ဖန်ဆင်းခံ/ကမျှ ကျွန်ုပ်တို့/၏/သခင် ယေရှု/ခရစ်တော်/အားဖြင့် ရရှိသော ဘုရားသခင်/၏ ချစ်ခြင်းမေတ္တာ/နှင့် ကျွန်ုပ်တို့/ကို ကွဲကွာ/စေနိုင်မည်/မဟုတ်ကြောင်း ကျွန်ုပ်/ယုံကြည်၏။